သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ပြန်လည် အနက်ဖွင့်နေတဲ့ "စိတ်ယိုယွင်းမှုရောဂါ ကျေးရွာ"။
1,990,340 plays|
Yvonne van Amerongen |
TEDWomen 2018
• November 2018
သင့်ဘဝရဲ့ နောက်ဆုံးသောနှစ်တွေကို ဘယ်လိုများကုန်ဆုံးဖို့ လိုလားပါသလဲ၊ ရောဂါပိုးမွှားကင်းတဲ့ ဆေးရုံလို စောင့်ရှောက်ရေး အဖွဲအစည်းတစ်ခုမှာလား၊ ဒါမှမဟုတ် အလွယ်တကူ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ ကုန်ပဒေသာတိုက် အရက်ဆိုင်၊ ပြဇာတ်ရုံနဲ့ ပန်းခြံတွေနဲ့ ရွာတစ်ခုထဲမှာလား။ အဖြေကတော့ အခုတော့ မြင်သာပုံရပေမဲ့ Yvonne van Amerongen ကနေပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က Amsterdam မှာ မြေစမ်းခရမ်းပျိုးထားတဲ့ Hogeweyk စိတ်ယိုယွင်းမှု စောင်ရှောက်ရေး ဗဟိုဌာနတစ်ခု ပေါ်ပေါက်ဖို့ ကူညီလိုက်တဲ့အခါ
အစဉ်အလာကနေ ခွဲထွက်တဲ့ အရဲစွန့်မှုတစ်ခုအဖြစ် မြင်ခဲ့ကြပါတယ်။ van Amerongen နဲ့အတူ Hogeweyk ကို ခရီးရှည်ထွက်ပြီး လွတ်လပ်မှု၊ အနက်အဓိပ္ပါယ်နဲ့ လူမှုဘဝကို အခြေခံထားတဲ့ ပြန်လည် အနက်အဓိပ္ပါယ် ကောက်ယူထားတဲ့ ပြုစုရေး ဂေဟာတစ်ခုဟာ ဘယ်လိုပုံပေါက်လဲဆိုတာကို ဖျတ်ကနဲ မြင်ကြည့်လိုက်ပါဦး။
: